ပေါင်းတည် ဇူလိုင် ၈
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း လူစည်းကားရာ နေရာ များဖြစ်သော ဘုရားကြီးလမ်းတွင် နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
ထို့သို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ကားများ ဆိုင်ကယ်များ အနှေးယာဉ်များ နှင့် လမ်းသွား လမ်းလာများတွင် နှာခေါင်းစည်း မတပ်ဆင်ဘဲဖြတ်သန်း သွားလာပါ က နှာခေါင်းစည်း Mask အခမဲ့ တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် လူတစ်ယောက်ကနေလူအများသို့ ကူးစက်နိုင်ပြီး ကူးစက်ရာတွင် ဖြစ်နိုင်ချေအများဆုံးသည် အသက်ရှူ လမ်းကြောင်းကို တိုက်ရိုက်ရောက်သည့် နှာခေါင်း၊ ပါးစပ်တို့အား ကာကွယ်သည့်အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းရရှိစေရန် နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ ကြောင်း သိရသည်။
ချစ်နှင်းသုန်