နတ်တလင်း ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ရန်ကုန်-ပြည်လမ်းရွှေလင်းခန်မတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးမှူး၍ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြည့်ရမည့်သူများကို ထားရှိကုသရန် Quarantine Centre များ ထပ်မံစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေလင်းခန်းမတွင်ကူးစက်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်ရမည့်သူ (၃၄)ဦးကို ထားရှိနိုင်ရန် အခန်း(၃၄)ခန်းကို ထပ်မံစီစဉ် ဆောင်ရွက်နေ ကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နတ်တလင်းမြို့နယ်တွင် Quarantine Centre များကို မြို့နယ်ပြည်သူ့ အားကစားကွင်းနှင့် သကျမဟာ မြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ (ဓမ္မာရုံ)၌ ဖွင့်လှစ်ထားရှိခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ Quarantine Centre ကို အာသောကဘုန်းကြီးကျောင်း(ဓမ္မာရုံ)တွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်နေ ကြောင်း သိရသည်။
ထားထားဦး