သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး‌‌တွေ့ အတည်ပြုလူနာ (၁၀၃) ဦးထိရှိလာ

သနပ်ပင် ဇူလိုင် ၁၃
 
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဇူလိုင်လ ၁၃ရက်နေ့ ယနေ့နံနက်ပိုင်းအထိ ကိုဗစ် အတည်ပြု လူနာ (၁၀၃)ဦးထိရှိပြီး ၊ ဆေးရုံ ဆင်းခွင့်ရှိသူ (၃)ဦးနှင့် (၂)ဦး သေဆုံး‌ခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံက သိရှိရသည်။
 
အဆိုပါ အတည်ပြုလူနာများကို မြို့နယ်ပြည်သူ့ဆေးရုံမှာ (၂၇)ဦး၊ ခရမ်း အထကကျောင်း (၄၈)ဦး၊ အထက မင်းရွာ (၁၃)ဦး ၊ အထက (သနပ်ပင်) (၁၀) ဦး ထားရှိပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းပိုးတွေ့အတည်ပြု လူနာနှင့် ထိစပ်သူများကို သက်ဆိုင်ရာ Quarantine Centre များ၌ ထားရှိပြီး ကျန်းမာရေးစစ်ဆေး မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
 
သနပ်ပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ မြင့်မားလာသည့် အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မလိုအပ်ပဲ အိမ်မပြင်သို့ မထွက်ကြရန်၊ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန်၊ မြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့်အပေါ်တုံ့ပြန်ရေးကော်မတီမှ သတိပေးထုတ်ပြန်ထားသည်။ မြို့နယ်အတွင်း ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကြက်ခြေနီ သူနာပြု အဖွဲ့ဝင်းများ၊ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
 
လှမိုး