ဖားကန့်မြို့နယ်အတွင်းက ကိုဗစ်-၁၉ရောဂါ သံသယရှိလူနာများအား Task Kit ဖြင့် စစ်ဆေးရာ အတည်ပြုလူနာ(၁၀၀)ကျော်တွေ့ရှိ

ဖားကန့် ဇူလိုင် ၁၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကိုဗစ်-၁၉ရောဂါ သံသယရှိလူနာများအား Test kit ဖြင့် ဇူလိုင်(၁၀)ရက်နေ့ မှစတင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဂွမ်းဆိုင်လီ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ Test kit များ စစ်ဆေးရာတွင် ဇူလိုင်လ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ သံသယလူနာ ၂၆၁ ဦးအား စစ်ဆေးနိုင်ခဲ့ပြီး ပိုးတွေ့လူနာ(၁၂၀)ဦးအား တွေ့ရှိအတည်ပြု နိုင်ခဲ့ကြောင်း သိရသည်။ 

ယင်းတွေ့ရှိခဲ့သည့် အတည်ပြုလူနာများအား Facility Quarantine များဖြစ်သည့် ယူမာကျေးရွာ အိုးအိမ်ဝန်ထမ်းအိမ်ယာနှင့် သီတဂူစက္ခုဒါန အခမဲ့ဆေးရုံတို့တွင် ထားရှိကာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး Negative လူနာများအား Home Quarantine နေထိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဖားကန့်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ(၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)