ဖားကန့်ကျောက်မျက် လုပ်ငန်းရှင်းများအသင်းမှ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီထံ ငွေကျပ်သိန်း(၁၀၀)နှင့် Oxygen ဗူးများ လှူဒါန်း

ဖားကန့် ဇူလိုင် ၁၅

ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီထံ ငွေကျပ်သိန်း (၁၀၀)နှင့် Oxygen ဗူးများအား  ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းခဲ့သည်။ 

ဖားကန့်မြို့ ကျောက်မျက်လုပ်ငန်းရှင်များမှ လှူဒါန်းသည့် ငွေကျပ်သိန်း(၁၀၀)နှင့် Oxygen 40 liter ဗူးကြီး(၃၅)ဗူးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အသုံးပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းအလှူငွေနှင့် ပစ္စည်းများအား  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လက်ခံဆောင်ရွက်ခဲ့ပြီး အောက်ဆီဂျင်ဗူးများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးထံသို့ ဆက်သွယ်အပ်နှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)