သတင်းများ

ကွမ်းလုံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း(၂၀၀)ကျော်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း ဆောင်ရွက်မည်
Jan 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများကို ကျပ်သန်း(၂၀၀)ကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကော့ကရိတ်မြို့ ဝဲကင်အံကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်
Jan 26,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် အင်းရှည်ကျေးရွာအုပ်စု ဝဲကင်အံကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲကို ကျေးရွာကော်မတီဝင်များ ဦးဆောင်၍ ယမန်နေ့နံနက် (၈) နာရီချိန်က ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ပန်းတနော်မြို့ရှိ ပြည်သူများမှ ပါဝင်လှူဒါန်းမှု သိန်း ၂၃၀ ခန့် လက်ခံရရှိ
Jan 26,2021
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ရှိ ပြည်သူများ၏ ပါဝင်လှူဒါန်းရရှိမှု စုစုပေါင်း ငွေကျပ် သိန်း ၂၃၀ ခန့် အထိ အလှူငွေ ရရှိထားကြောင်း သိရသည်။
ကျိုက်မ​ရောမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်​ရေး အသိပညာ​ပေးလှုပ်ရှားမှု ဆောင်ရွက်
Jan 26,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်၌ ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ကျိုက်မ​ရော လူငယ်ပရဟိတအဖွဲ့တို့ပူး​ပေါင်း၍ မြို့မစည်ပင် သာယာ​စျေးကြီးနှင့် လူစည်ကားရာ လမ်းဆုံများနှင့် ပိန္နဲကုန်း ​စျေးများတွင် ယ​နေ့နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်​ရေး အသိပညာ​ပေး လှုပ်ရှားမှု အဝါရောင် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
ဖောင်းပြင်မြို့နယ်တွင် လယ်မဲ့ယာမဲ့များအတွက် လယ်ယာမြေဧက ၁၀၀ ဖော်ထုတ်ပြီး ခွဲဝေပေးမည်
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဆွတ်နန်းကျေးရွာနယ်နိမိတ်တွင် တိုင်းဒေသကြီး အစိုးရ၏ ရန်ပုံငွေကျပ် (၈၅ ဒသမ ၈) သန်းဖြင့် လယ်ယာမြေဧက ၁၀၀ဖော်ထုတ်ပေးကာ လယ်မဲ့ယာမဲ့များအား ခွဲဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ပန်းတနော်မြို့ရှိ ကုန်မျိုးစုံရောင်းချနေသော စျေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်
Jan 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံ ရောင်းချနေသော ဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်​ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 26,2021
ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း ဆွေးနွေး
Jan 26,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်အရ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။