ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိသည့် အဆောင်များသို့ ကြက်ဥပြုတ်နှင့် ရေသန့်ဘူးများ လှူဒါန်းပေးအပ်

ဗန်းမော် ဇူလိုင် ၁၅

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉  ရောဂါပိုးတွေ့လူနာများ ထားရှိသည့်  Quarantine Centre များသို့ ဇူလိုင်(၁၄)ရက် ညနေ(၃)နာရီခွဲက ဗန်းမော် ဆန်ကုန်သည်ကြီးများအသင်းမှ လှူဒါန်းသော ကြက်ဥပြုတ်နှင့် ရေသန့်ဘူးများကို တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့တို့က သွားရောက် လှူဒါန်းခဲ့ကြောင်း   သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ထားရှိသည့် ဗန်းမော် ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် အဆောင်များသို့ ရောဂါပိုးတွေ့ လူနာစုစုပေါင်း(၂၉၂)ဦး အတွက် ဗန်းမော် ဆန်ကုန်သည်ကြီးများအသင်းမှ လှူဒါန်းသော ကြက်ဥပြုတ်(၃၀၀)လုံးနှင့် ရေသန့်(၁)လီတာ ဘူး(၃ဝဝ)ဘူးကို ဗန်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ထွန်းတိုးနှင့် ပရဟိတအဖွဲ့တို့က လည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလင်းနှင့် ပရဟိတအဖွဲ့တို့ကလည်းကောင်း   Quarantine Centre များရှိ တာဝန်ရှိသူများထံ အသီးသီးသွားရောက်လှူဒါန်းခဲ့ကြောင်း  သိရသည်။