ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေး

တနိုင်း ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့  နံနက် ၁၀ နာရီခွဲအချိန်မှစ၍ တနိုင်းမြို့မရဲစခန်းရှေ့၊ မိုင်းခွန်သွား လမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

အ‌ဆိုပါ Maskများ အခမဲ့ဖြန့်ဝေရာတွင်  မြို့မရဲစခန်းရှေ့မိုင်းခွန်သွား လမ်းထောင့်  ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း)မှ ဒကစမှူး ဗိုလ်မှုးချုပ် မိုးကျော်သူ ဦးစီးအဖွဲ့နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ တားဆီး ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ မြို့နယ်လဝက ဦးစီးမှူး ဦးဘုန်းကျော်၊ ဦးဇော်လွမ်းတူး၊ နတလ လက်ထောက် ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်း၊ မြို့မစခန်းမှူး ဒုရဲမှူးမြင့်လွင်၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်ဝါဦး၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ ခုရေ(၃၀၀)အခမဲ့ ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)