နည်းပညာတက္ကသိုလ် (ဟင်္သာတ)တွင် ကိုဗစ်- ၁၉ လူနာကုသရေး ယာယီ ဆေးရုံထပ်မံ ပြင်ဆင်

ဟင်္သာတ ၊ ဇူလိူင် ၁၅

ဟင်္သာတမြို့နယ်  အတွင်းရှိ  ကိုဗစ် -၁၉ Positive  လူနာများ ပိုမိုကူးစက်လာပါက   ဆေးကုသရန် နေရာ အခက်အခဲ မရှိစေရေးအတွက် ယမန်နေ့က ခရိုင်နှင့်မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီတို့ ညှိနှိုင်းကာ ကိုဗစ် -၁၉ လူနာများ  ထားရှိရန်အတွက် နည်းပညာ တက္ကသိုလ် ( ဟင်္သာတ) ကျောင်းရှိ ဟင်္သာမေ အဆောင်ကို  ယာယီဆေးရုံအဖြစ် တိုးချဲ့ ဖွင့်လှစ်ရန်  စီမံ ဆောင်ရွက်လျက်  ရှိသည်။

ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာ ခရိုင်မြို့နယ် ကိုဗစ်-၁၉ ကော်မတီများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဒုတိယ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက  အဆောင်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ   စု‌ပေါင်း သန့်ရှင်းရေးနှင့် လိုအပ်သော  ပြင်ဆင်ဆောင်ရွက်မူများ  ပြုလုပ်ခဲ့ကြောင်း  သိရသည်။

ကိုဇော် (ဟင်္သာတ)