မင်းပြား ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လတ်တ လောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွား မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း ပါဝင်သောအဖွဲ့မှ ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့်လူစည်ကားရာနေရာများ ဖြစ်သော ဈေး၊ လမ်းဆုံ၊ လမ်းခွများ၊ ကားဂိတ်နှင့်မြို့အဝင် အထွက်နေရာများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနှိုင်းပိုစတာကပ်ခြင်းနှင့် နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးဆက်လက်ကူးစက် ပြန့်ပွားမှုများရှိ လာသည့်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများ ဖြစ်သော ဈေး၊ လမ်း ဆုံ၊ လမ်းခွများ၊ ကားဂိတ်နှင့်မြို့အဝင်အထွက်စသောနေရာများ၌ ကိုဗစ်-၁၉ရောဂါအသိပညာပေး ဗီနှိုင်းပိုစတာများအား အများပြည်သူများထင်သာ၊ မြင်သာကြည့်ရှုလေ့လာနိုင်စေရန်အတွက် ကပ် ထားပေးခြင်း၊ လမ်းသွား၊ လမ်းလာပြည်သူများအား နှာခေါင်းစည်း Mask များအခမဲ့ လိုက်လံဝေငှ ပေးခြင်း၊ နှာခေါင်းစည်း Mask များအနေဖြင့်နှာခေါင်းစည်းတပ်ဆင်ပြီးမှသာ အပြင်သို့ထွက်ခွာ ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန် ချက်များအား တိကျစွာလိုက်နာကြရန်၊ လူစုလူဝေးရှောင်ကြည်ကြရန်၊ မလိုအပ်ဘဲအပြင်မ ထွက်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောကြရန်စသောအချက်များအား ပြည်သူ များသိရှိစေရန် အသိပညာပေးဆော်သြခြင်းနှင့် နှာခေါင်းစည်းများအခမဲ့ဖြန်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း