မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နေအိမ်အသွားအလာ ကန့်သတ် စောင့်ကြည့်သူများအား သွားရောက်ကြည့်ရှုအားပေး

မိုင်းယောင်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဝမ်လျန့်ကျေးရွာ၊ အမှတ်(၂)ရပ်ကွက်နှင့် ယမ်းပုံးကျေးရွာရှိ နေအိမ်အသွားအလာ ကန့်သတ်စောင့်ကြည့်သူများ၏ အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အသွားအလာကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရ မည့်သူများအတွက် လမ်းညွှန်ချက်များ။ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (mask)ကို စနစ်တကျ တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ လူစုလူဝေးရှောင်ရှားပါ၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ လေဝင်/လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ စသည့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေးအချက်အလက်များကို ရှင်းလင်းပြောကြားပြီး အားပေးစကား ပြောကြားခဲ့သည်။

၎င်းတို့သည် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာအဖြစ် ဇူလိုင် ၅ ရက်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် စောင့်ကြပ်ဆေးကုသမှုခံယူပြီး ကျန်းမာရေးသတ်မှတ်ချက် များနှင့်အညီ ပြန်လည်ကောင်းမွန်လာသောကြောင့် ယမန်နေ့တွင် ဆေးရုံဆင်းခွင့်ပြုလိုက်သဖြင့် Home Quarantine ဆက်လက်ဝင်ရောက် နေထိုင်လျက်ရှိသည်။

မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ လေးဦးရှိပြီး ရောဂါထပ်မံ ဖြစ်ပွားမှု မရှိစေရန်နှင့် ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ကုသနိုင်ရေးတို့ကို အထူးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း