လားရှိုး ဇူလိုင် ၁၆
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပိုးတွေ့လူနာများကို ကုသနိုင်ရေးအတွက် လားရှိုးမြို့ ပညာရေးကောလိပ်တွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အမြန်ဆုံးပြီးမြောက်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ကုသရေးစင်တာ အုပ်ချုပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ကိုဗစ်-၁၉ စင်တာအုပ်ချုပ်မှုကော်မတီ နာယက ဦးမျိုးမင်းထွန်းက အမှာ စကားပြောကြားပြီး ကိုဗစ်-၁၉ ကုသရေးစင်တာ အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်က Swab Centre အား မိုးကုတ်ဝိပဿနာမှ ပြည်ထောင်စုအားကစားကွင်းရှိ သေနတ်ပစ်ကွင်းတွင် ပြောင်းလဲဆောင်ရွက်သင့်ကြောင်း၊ ကုသရေးစင်တာအုပ်ချုပ်မှုကော်မတီအဖွဲ့ဝင် သီဟသုဓမ္မမဏိ ဇောတဓရ ဦးကျော်စွာထွဋ်က စင်တာတွင် CCTV (၂၄)လုံးတပ်ဆင်သင့်ကြောင်းဆွေးနွေးသည်။ ထို့နောက် ကိုဗစ်-၁၉ ကုသရေးစင်တာအုပ်ချုပ်မှု ကော်မတီအဖွဲ့ဝင်များကလည်း လုပ်ငန်းကဏ္ဍ များကို အသီးသီးဆွေးနွေးခဲ့ကြောင်းသိရသည်။
ဥမ္မာချို