လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များခင်းကျင်းပြသ

လှိုင်းဘွဲ ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Covid-19 ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ သိရှိနိုင်စေရန်အတွက် အသိပညာပေး နံရံကပ် စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာစောင်များတွင် “ကိုဗစ်-၁၉ ရောဂါ မိမိကစကာကွယ်ပါ၊ ကျန်းမာရေး စောင့်ရှောက် သူများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများအား အိမ်တွင် ပြုစု စောင့်ရှောက်နိုင်ရန် သိထားသင့်သည့် အဆင့်(၅)ဆင့်၊ ပိုလုံခြုံအောင် ပါးစပ်နှာခေါင်းစည်း နှစ်ထပ် တပ်ဆင်ကြရန်၊ မိဘများအနေဖြင့် မိမိကလေးငယ်များကို ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန် သင်ကြားပြသခြင်း၊ covid-19 ရောဂါလက္ခာဏာများ၊ သင့်အိမ်တွင် အိမ်သား တစ်ဦးဦးနေမကောင်းဖြစ်လျှင် ဘာလုပ်ရမလဲ၊ ဘာလက္ခဏာမှ မပြဘဲ အနံ့ပျောက်နေတယ် ဆိုရင်၊ ကိုဗစ်-၁၉ ရောဂါ ခံစားနေရရင် ဘာလုပ်ရမလဲ၊ အဆုတ်ကျန်းမာစေမည့် အစားအစာ များ၊ ကိုဗစ်-၁၉ လူနာ စားသင့်သည့်အစားအစာ၊ ဆောင်ရန်/ရှောင်ရန်များ” စသည့် ကျန်မာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လိုက်နာရမည့် အချက်များအား ပြသထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)