နမ့်စန်တွင် ဇူလိုင်လ ၁၆ ရက်နေ့ ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၆ ဦးစစ်ဆေးတွေ့ရှိ

နမ့်စန်(တ) ဇူလိူင် ၇
 
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နေ့လယ်ပိုင်း RDT Test kit စစ်ဆေးမှု အရ အမျိုးသမီး ၃ ဦး ၊ အမျိုးသား ၃ ဦး စုစုပေါင်း ၆ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
သံသယလူနာများ ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများကို မြို့နယ်ပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ရာမှ အမှတ်(၄)ရပ်ကွက် မှ အသက် ၃၀ နှစ် အရွယ် အမျိုးသား ၁ ဦး၊၂၉ နှစ်အရွယ် အမျိုးသား ၁ ဦး ၊ ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ၅၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး ၊ အမှတ်(၃) ရပ်ကွက် မှ ၆၃ နှစ် အရွယ် အမျိုးသမီး ၁ ဦး ၊ အမှတ်(၅)ရပ်ကွက် မှ ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါ ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
မြို့နယ်မှတာဝန်ရှိသူများက အဆိုပါ ပိုးတွေ့လူနာ ၆ ဦးကို ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ထားရှိ ကုသပေး ခဲ့ပြီး ၎င်းတို့နှင့်ထိတွေ့မှုရှိခဲ့သူများကို အသွားအလာ ကန့်သတ်ထားနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၈၆ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၁၃ ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ သိရသည်။