လေရှီး ဇူလိုင် ၁၆
နာဂဒေသလေရှီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် စျေးဆိုင်များ အားCovid-19 စည်းကမ်းနှင့်အညီဖွင့်လှစ်ထားရှိမှုရှိမရှိကို မြို့နယ်Covid-19 ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင်နှင့်အဖွဲ့ဝင်များက ယနေ့နံနက် ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးချိန်၌ မိမိတို့ ရုံးဌာနတွင်တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ Covid-19 စည်းကမ်းနှင့်အညီ နေရာစနစ်တကျ စီစဥ်ထားရှိမှု ရှိ/မရှိ၊လက်သန့်ဆေးဆပ်ပြာရေများထားရှိမှု ရှိ/မရှိ တို့ကို စစ်ဆေးပြီး အပြင်သို့သွားလာပါက mask နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင် သွားရန်မှာကြာပြီးစျေးဆိုင်များတွင် Covid9 စည်းကမ်းအရ ဆိုင်တွင်း ထိုင်၍စားသောက်ခွင့်ကို ပိတ်ပင်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းသာ ရောင်းချခွင့်ပြု ထားသဖြင့် ၄င်းစည်းကမ်းများကို ရောင်းသူနှင့်ဝယ်သူတိုကြား လိုက်နာမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးကာ Covid-19 ရောဂါပိုးကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့မှ ထုတ်ပြန်ထားသည့်စည်းကမ်းများကို စနစ်တကျလိုက်နာကြရန် အသိပေးရွက်ခဲ့ ကြောင်းသိရသည်။
ဆိုင်းသား