သတင်းများ

မိုးညှင်းမြို့နယ်အတွင်းရှိသက်ကြီးဘိုးဘွား၈၈၀ဦးအားလူမှုရေးပင်စင်နှင့်အသက်(၁၀၀) နှစ်နှင့် အထက် ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေများပေးအပ်
Jan 19,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုညှင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား၈၈၀ဦးအား နိုင်ငံတော်အစိုးရ မှထောက်ပံ့သည့်အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား(၁)ဦးလျင်(၃၀၀၀၀)နှုန်းနှင့်ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းအသက်၁၀၀နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေကျပ်(၃၀၀၀၀)ကိုဇန်နဝါရီ၁၉ရက်နေ့မွန်းလွဲပိုင်းမှစ၍သက်ဆိုင်ရာတာဝန်ရှိသူများကအိမ်တိုင်ယာရောက်လိုက်လံထောက်ပံ့ ခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တတိယအကြိမ်တွေ့ဆုံ ဆွေးနွေး
Jan 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရှေ့ဆက်လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်ကရင်စာပေနှင့် ယဉ် ကျေးမှုအသင်း၏ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ဇိုင်း ယာန်းဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ပင်းတယမြို့၌ လေယာဉ်ဖြင့်ခရီးသွားမည့်သူ (၄)ဦးအား RTD ဖြင့်စစ်ဆေးရာ (၂)ဦးတွင် COVID – 19 ရောဂါပိုးတွေ့ရှိ
Jan 19,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ လေယာဉ်ဖြင့် ခရီးသွားမည့်သူ (၄)ဦးအား RTD ဖြင့်စစ်ဆေးရာ (၂)ဦးတွင် COVID – 19 ရောဂါပိုးတွေ့ရှိ ရကြောင်းသိရသည်။
ရွှေဘိုမြို့တွင် ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့တွင် ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက အစိုးရနည်းပညာ ကောလိပ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့၌ အသက်(၁၀)နှစ်အောက် ကလေးငယ်များအား အာဟာရနို့တိုက်ကျွေး
Jan 19,2021
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၀)နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအဖြစ် အာဟာရနွားနို့တိုက်ကျွေးခြင်းကို ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျောက်ဆည်မြို့ သောကြာကြယ်ပရဟိတကျောင်းသို့ သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပုဂံ-ညောင်ဦးဒေသ သောက်သုံးရေအခက်ကြုံနေသည့်ကျေးရွာများသို့ သောက်သုံးရေဂါလံ ၁၅၆၀၀ ကျော် လှူဒါန်း
Jan 19,2021
မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေအခက်ကြုံတွေ့နေရသည့် ကျေးရွာများသို့ သောက်သုံးရေဂါလံ ၁၅၆၀၀ ကျော်ကို မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ယနေ့ဇန်နဝါရီလ ၁၉ ရက်နေ့၌ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရ သည်။
တောင်ကြီးမြို့တွင် နေရပ်ပြန် ၁၅၁ ဦးအား သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်
Jan 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ “ဝ” အထူးဒေသ၊ မိုင်းပျဲန်မြို့၊ စီးကရက် စက်ရုံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး စီးကရက် စက်ရုံ ပိတ်သိမ်းသဖြင့် စက်ရုံမှမော်တော်ယာဉ်ဖြင့် ထန်မွန်းကျေးရွာအနီး လာရောက်ပို့ဆောင်သည့် နေရပ်ပြန် ကျား(၉၂)ဦး၊ မ(၅၉)ဦး၊ စုစုပေါင်း (၁၅၁)ဦးအား NDAA(မိုင်းလား) မိုင်းယန်းနယ်စပ်ဒေသတွင် လွှဲပြောင်း၊ လက်ခံရေးအဖွဲ့မှ စနစ်တကျ ကျန်းမာရေးစစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရသဖြင့် မော်တော်ယာဉ်ကား ၃ စီး ဖြင့် မိုင်းယန်းမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ရောက်ရှိပြီး လွှဲပြောင်း၊လက်ခံရေးအဖွဲ့မှ စနစ်တကျ လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ခြင်းကို တောင်ကြီးမြို့ T B C ကားကြီးကွင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ညောင်ပင်သာ-အင်းကုန်းကျေးရွာချင်းဆက်လမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jan 19,2021
          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ညောင်ပင်သာ-အင်းကုန်းကျေးရွာချင်းဆက် လမ်းအား ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ လမ်းဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။