သတင်းများ

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် “သပြေညို” ပညာဒါနအကျိုးဆောင်အသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေး ငွေကျပ် (၁၈၁)သိန်းလှူဒါန်း
Jan 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် “သပြေညို” ပညာဒါန အကျိုး ဆောင်အသင်းက ငွေကျပ်သိန်း(၈၀)အပါအဝင် မင်္ဂလာဒုံမြို့နယ်နေ စေတနာအလှူရှင်များ စုပေါင်း၍ နိုင်ငံတော်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူ ရန်အတွက် ငွေကျပ် (၁၈၁)သိန်း လှူဒါန်းခြင်းကို ယနေ့ နံနက်(၉)နာရီက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် “သပြေညို” ပညာဒါနအကျိုးဆောင် အသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သရက်ချောင်းမြို့နယ်၌ စိတ်ကြွရှုးသွပ်ဆေးပြားများဖော်ထုတ်ဖမ်းဆီးရမိ
Jan 18,2021
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၌ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်သူနှင့် အဖွဲ့သည် သရက်ချောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် နှင့်တာဝန်ရှိသူများ ပူးပေါင်းပြီး မူးယစ် ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက စိတ်ကြွရှုးသွပ်ဆေးပြားများ ဖော်ထုတ် ဖမ်းဆီးရမိကြောင်းသိရသည်။
မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းနှင့် တံတားများ ဆောင်ရွက် နေမှုတို့အား ကွင်းဆင်း စစ်ဆေး
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ ကုန်ထုတ် လမ်း/တံတား ဆောင်ရွက်နေမှုတို့အား ယမန်နေ့ နံနက်ပိုင်းက ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းမင်း၊ ခရိုင်ကျေးလက် (နည်းပညာ) ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေနှင့် ဝန်ထမ်းများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များအား ကုမ္ပဏီတာဝန်ခံများထံ မှာကြားခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့၌ Quarantine ထားရှိသောနေရပ်ပြန်များနှင့် Quarantine နေရာတွင် တာဝန်ကျ ကျန်းမာရေး အဖွဲ့ဝင်များအတွက် ကျပ်(၅)သိန်း ပေးအပ်လှူဒါန်း
Jan 18,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Quarantineထားရှိ‌သော နေရပ်ပြန်ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် လုံခြုံရေးတာဝန်ကျ ကျန်းမာရေး အဖွဲ့ဝင်များအတွက် Presbyterian Church Of Myanmar က ယနေ့မွန်းလွဲ၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ငွေကျပ်၅သိန်းပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ကလက်ခံရယူခဲ့ကြောင်းသိရသည်။
မြောင်းမြမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆွေးနွေးခြင်းနှင့် သရုပ်ပြသလေ့ကျင့်
Jan 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ စက်သုံးဆီ လုပ်ငန်းရှင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆွေးနွေးခြင်းနှင့် သရုပ်ပြသလေ့ကျင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jan 18,2021
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်း ရပ်ကွက် ကျေးရွာ များအလိုက် ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကဘိုးဘွား များ၏ နေအိမ်များ သို့အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ခွင့်ပြုရန်ပုံငွေဖြင့် စာသင်ကျောင်း ၁၃ ကျောင်းဆောက်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်း ရန်ပုံငွေ ခွင့်ပြုရန်ပုံငွေဖြင့် (အ.ထ.က) ဆင်တဲပါ စာသင်ကျောင်း (၁၃) ကျောင်းတို့ အား ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သာစည်မြို့နယ်၌ အခြေခံပညာကျောင်း ၇၆ ကျောင်းတွင် ပြင်ဆင် ထိန်းသိမ်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာရန်ခြင်းနှင့် သန့်စင်ခန်း ဆောက်လုပ်ခြင်းလုပ်ငန်းများ ၈၃ ခုဆောင်ရွက်မည်
Jan 18,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အခြေခံပညာ ကျောင်း ၇၆ ကျောင်းတွင် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောင်းဝင်း အုတ်တံတိုင်း ကာရန်ခြင်းနှင့် သန့်စင်ခန်းဆောက်လုပ်ခြင်းလုပ်ငန်းများ ၈၃ ခု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ခန်းမ၌ပြုလုပ်သော မြို့နယ်တည်ဆောက်ရေး ကော်မတီ၏ လုပ်ငန်းအပ်နှံ ဆွေးနွေးပွဲမှ သိရသည်။