ပန်းတောင်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်း ရန်ပုံငွေ ခွင့်ပြုရန်ပုံငွေဖြင့် (အ.ထ.က)ဆင်တဲပါ စာသင်ကျောင်း (၁၃) ကျောင်းတို့ အား ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ကျောင်းသားဦးရေနှင့် တန်းခွဲများအရ တည်ဆောက်မည့် (၆၀×၃၀)ပေ၊ Steel Structure (၁)ထပ် တိုးချဲ့ကျောင်းဆောင် (၂)ထပ်ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း (၁၃) ကျောင်း၊ ဆောက်လုပ်မည့်အခြေအနေ၊ ပစ္စည်းဝယ်ယူမည့် အခြေအနေ၊ အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့ (Quality Control -QC)မှ စစ်ဆေးဆောင်ရွက်မည့်အခြေအနေ မြို့နယ်တည်ဆောက်ရေးအဖွဲ့ကော်မတီဥက္ကဋ္ဌ ဦးခိုင်ထွန်းနှင့်အဖွဲ့မှ စစ်ဆေးဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပပဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်း၊ ဒုပညာရေးမှူး ဦးမြင့်ဆွေနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာသင်ကျောင်း (၁၃) ကျောင်းအား ဆောက်လုပ်နိုင်ရေး တင်ဒါ ဖြစ် သည့် ကုမ္မဏီများ ဖြစ်သည့် စိုးမိုးရတနာ၊ မြန်မာမိုးပြည့်၊ သိမ်ဖြူထွန်း၊ ဝင့်ထည်ဝါ၊ ရတနာမြေတို့မှ ကုမ္မဏီ (၅)ခု တို့၏ တာဝန် ရှိသူများက အရည် အသွေး ထိန်းသိမ်း ရေးအဖွဲ့မှအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား(၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)