သရက်ချောင်း ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်း ရပ်ကွက် ကျေးရွာ များအလိုက် ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကဘိုးဘွား များ၏ နေအိမ်များ သို့အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းကို လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွား(၉၁၆)ဦးအားတစ်ဦးလျှင်လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀၀၀၀/- နှုန်းဖြင့် (၂၇၄၈၀၀၀၀) ကျပ်ကိုလည်းကောင်း၊ အလားတူအသက်(၁၀၀)နှစ် အထက်သက်ကြီး ဘိုးဘွား (၂၂)ဦးတို့အတွက် အပိုဆောင်း ထောက်ပံ့ ငွေ( ၆၆၀၀၀၀)ကျပ်ကို လည်းကောင်း စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၂၈၁၄၀၀၀၀ ကျပ်ကိုသက်ဆိုင်ရာ တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)