Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုးကောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်း ဆွေးနွေး
Jan 20,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ နှင့်အညီ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့် ရှင်းလင်း ဆွေးနွေးပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန် ခိုင်ကမ်းမြို့ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးရေးဂိတ်များသို့ ကြည့်ရှုအားပေး
Jan 20,2021
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးရေးဂိတ်နှင့် ပူးပေါင်းစစ်ဆေးရေးဂိတ်များသို့ ယမန်နေ့ ညနေက ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ကြည့်ရှုစစ်ဆေး အားပေးစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 20,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ထပ်ဆင့် ရှင်းလင်းဆွေးနွေး
Jan 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နေ့လည် (၂)နာရီအချိန်ခန့် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းအဆိုပြုလျာထားချက် အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းလျာထား အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ Facility Quarantine အသွားအလာကန့်သတ် ၁၄ ရက်ပြည့်သူသုံးဦးကို အိမ်ပြန်ခွင့်ပြု
Jan 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (တပ်တွင်း) Community Based Facility Quarantine Center တွင် အသွားအလာကန့်သတ် စောင့်ကြည့်ခံသူများအနက် သတ်မှတ်ကာလ ၁၄ ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရသူ သုံးဦးကို ယမန်နေ့ ညနေပိုင်း က အိမ်ပြန်ခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်အတွင်း ချင်းပြည်နယ်ထွက် ဝဥများ စမ်းသပ်စိုက်ပျိုးနိုင်ရေးဆောင်ရွက်
Jan 20,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဈေးကွက်အလားအလာရှိပြီး ဈေးကောင်းရရှိနိုင်သည့် ချင်းပြည်နယ်ထွက် ဝဥများ စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့တွင် အစေ့ချကိရိယာ (Drum Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းအား တောင်သူဖိတ်ခေါ်ကွင်းလက်တွေ့သရုပ်ပြသ
Jan 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ပျိုးထောင်ရန်မလိုအပ်ပဲ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချခြင်း တောင်သူဖိတ်ခေါ်ကွင်း လက်တွေ့သရုပ်ပြသခြင်းအား ယမန်နေ့က နားယောင်းကျေးရွာအုပ်စု အတွင်းရှိ တောင်သူ ဒေါ်နာခူ၏ လယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24892
Page
24893
Page
24894
Page
24895
Current page
24896
Page
24897
Page
24898
Page
24899
Page
24900
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department