သတင်းများ

မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Jan 20,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းဆေး အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြုလုပ်သည်။
မကွေးမြို့နယ် ကန်ကြီးပြားကျေးရွာ လျှပ်စစ်မီးရရှိ၍ မီးလင်းရေးအောင်ပွဲ ကျင်းပ
Jan 20,2021
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေး မြို့နယ်၊ ကန်ကြီးပြားကျေးရွာ မီးလင်းရေးအောင်ပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် မကွေးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင် မကွေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆောမြို့တွင် လယ်ယာမြေယာယီလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၃)လွဲပြောင်းပေးအပ်ပွဲ ကျင်းပ
Jan 20,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်းမှ စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများကို မူလလယ်ယာမြေပိုင်ရှင် များထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃) လွဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က ဆောမြို့ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ကျောက်တလုံးကြီးမြို့ အခြေခံပညာကျောင်းများတွင် လှုပ်လှုပ်ရှားရှားလူထုအားကစား Online Physical Fitness Dance သင်တန်းပို့ချ
Jan 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယနေ့နံနက် ၉ နာရီခန့် က ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက(ခွဲ)နောင်ခဲ၊ အလက(ဂနိုင်ထော့) အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် လှုပ်လှုပ်ရှားလူထုအားကစား Online Physical Fitness Dance သင်တန်းကို တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့က ပူးပေါင်း၍ လာရောက်ပို့ချပေးခဲ့ကြောင်း သိရသည်။
ပြည်မြို့၊ ပျဉ်းမအိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် မြစိမ်းရောင်စံပြ ကျေးရွာဆုပေးပွဲအခမ်းအနားကျင်းပ
Jan 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပျဉ်းမအိုင်ကျေးရွာအုပ်စု၊ ပျဉ်းမအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့ မွန်းလွဲပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
အင်တောမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကွင်းဆင်းအသိပညာပေး
Jan 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား ထပ်ဆင့်အသိပညာပေးခြင်း လုပ်ငန်းများကို ယနေနံနက်ပိုင်း က ကျောက်ဂူကျေးရွာနှင့် အုန်းကွဲကျေးရွာအုပ်စုတို့၌ ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ များ အသိပညာပေး
Jan 20,2021
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်းကို ယနေ့ နေ့လယ် (၁)နာရီက ကျိုက်ထိုမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်မြို့တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချူပ်ရေး ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
Jan 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။