ရပ်စောက် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်း က ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချူပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား လည်းကောင်း၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရေးအား လည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များမှ သိလိုသည်များကိုမေးမြန်းရာ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချူပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများ တက်ရောက်ကြပြီး ဆက်လက်၍ ရှင်းလင်းဆွေးနွေးပွဲကို ကြီးကြပ်ရေးတာဝန်ခံ ဌာနဆိုင်ရာများမှ မိမိတို့တာဝန်ကျ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)