ကျိုက်ထိုမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ များ အသိပညာပေး

ကျိုက်ထို ဇန်နဝါရီ ၂၀

သထုံခရိုင်၊  ကျိုက်ထိုမြို့နယ်တွင်  ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်းကို ယနေ့ နေ့လယ် (၁)နာရီက ကျိုက်ထိုမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးရှင်းလင်းရာတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးရဲဝင်းထိုက်က  ရပ်ကွက်/ ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည်   ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး  ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးသစ် များကို  ၂၀၂၁ ခုနှစ် ဧပြီလ  ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက်  ရွေးချယ် ခန့်အပ် တာဝန်ပေးနိုင်ရန်နှင့် ရွေးချယ်ခြင်းလုပ်ငန်းစဉ်များကို  အသိပညာပေးရှင်းလင်းခြင်းဖြစ်

ကြောင်းပြောကြားပြီး  ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများ  ရွေးချယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို  Power Point ဖြင့် အသေးစိတ်ရှင်းလင်းခြင်းနှင့်  ရွေးချယ်ရေးလုပ် ငန်းစဉ်များကို   မြို့နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့(၉)ဖွဲ့မှ နယ်မြေအလိုက် ကွင်းဆင်း၍  ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့နောက်  တက်ရောက်လာသည့်  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည့် အချက်များကိုမေးမြန်းရာ (မြို့နယ် စီမံခန့်ခွဲမှု‌ကော်မတီဥက္ကဌ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်း ထိုက်နှင့် အဖွဲ့ဝင်များက  ပြန်လည်ရှင်းလင်း  ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းမောင် (ကျိုက်ထို)