ကျောက်တလုံးကြီး ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယနေ့နံနက် ၉ နာရီခန့် က ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက(ခွဲ)နောင်ခဲ၊ အလက(ဂနိုင်ထော့) အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် လှုပ်လှုပ်ရှားလူထုအားကစား Online Physical Fitness Dance သင်တန်းကို တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့က ပူးပေါင်း၍ လာရောက်ပို့ချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သင်တန်းပို့ချရာတွင် တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ် ပညာရေးဦးစီးဌာနတို့မှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း Stay Home နေထိုင်ကြသည့် ကျောင်းသား/သူများ အိမ်တွင်နေ၍ ကိုယ်ကာလလေ့ကျင့်ခန်းများ၊ Physical Fitness Dance များ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လာရောက်ပို့ချရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လှုပ်လှုပ်ရှားရှားလူထုအားကစား Online Physical Fitness Dance သင်တန်းပို့ချရာ တွင် (အ-ထ-က)ကျောက်တလုံးကြီးမြို့ ကျောင်းသား/သူများ၊ အ-ထ-က(ခွဲ)နောင်ခဲနှင့် အ-လ-က (ဂနိုင်ထော့)မှ ကျောင်သား/သူများတို့က မြို့နယ် အား/ကာမှူး ဒေါ်နန်းမိုမိုအောင်၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စန်းရီနှင့် အ-ထ-က (နောင်ကား)မှ ဒေါ်ယုယုနွယ်တို့က သက်ဆိုင်ရာအားကစားကွင်းတွင် အတူတကွ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး ဆောင်ရွက်ကြကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)