သတင်းများ

အုတ်တွင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
May 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြိတ်မြို့ မီးဘေးကာကွယ်‌ရေးလုပ်ငန်း၌ ပူးပေါင်းဆောင်ရွက်ပေးသော အရန်မီးသတ်စခန်းများနှင့် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား စိန်ရတုမီးသတ်တပ်ဖွဲ့နေ့တွင် ဂုဏ်ပြု
May 05,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မီးဘေးကာကွယ်ရေးလုပ်ငန်းများတွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ကြသည့် အရန်မီးသတ်စခန်းများနှင့် အရန်မီးသတ်တပ်ရင်းများ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား မေလ(၅)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုမီးသတ်တပ်ဖွဲ့နေ့တွင် ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 05,2021

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ကရင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့်ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
May 05,2021
ကမ္ဘာတစ်ဝှမ်းကူးစက်ဖြစ်ပွားလျက်ရှိသည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
May 05,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်၁၀နာရီက အနှိပ်တော်ရပ်ကွက်၊ အကွက်(၁၂/ခ) ၆၂လမ်း၊ ၁၉လမ်းနှင့်လမ်း၂၀ကြားရှိ အရှေ့ခင်မကန်တိုက်၊ ကထိန်ကျောင်း၊ ပတ္တမြားကထိန်ကျောင်းဆောင်၌ ပြုလုပ်သည်။
ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
May 05,2021
ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ (၃၉၅) ဦးရှိခဲ့ရာ အဆိုပါကူးစက်ခံရသူများထဲမှ သေဆုံးသူ (၅)ဦးရှိခဲ့ကြောင်း ကူးစက်ခံရသူများအားလုံး ပြန်လည် ကျန်းမာလာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
May 05,2021
(၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ ဗဟိုမီးသတ် အစည်းအဝေးခန်းမတွင် ကျင်းပသည်။