မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဇမ္ဗူသီရိ ဧပြီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားကြရန်၊ ဌာနဆိုင်ရာ ရုံးများ၊  မြို့နယ်အတွင်းရှိဈေးများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကို ဂရု ပြုရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လျှပ်စစ် ဝါယာရှော့များ အထူးဂရုစိုက်ရန်လိုပါကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ဂရုပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိမိရုံးနှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းရေး များ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကိုလည်း အပတ်စဉ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်က ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာန အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်း ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)