ရှမ်းပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီ လှဦးနှင့်အဖွဲ့ဝင်များ မိုင်းယုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိုင်းယု ဧပြီ ၂၉

ရှမ်းပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး လှဦးနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ရောက်ရှိကာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည် လုပ်ငန်းများအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးနှင့် အဖွဲ့သည်   မိုင်းယုမြို့ရှိ မြို့အဝင် မိုင်းယောင်း-မိုင်းယုကားလမ်းမ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်(ပြင်/ထိန်း)ခွင့်ပြုရန်ပုံငွေများဖြင့် ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းထားမှု အခြေအနေများ၊ နယ်စပ်ဒေသကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မိုင်းယု-ကျိန်းယဲန်းတံတားမှ ကုန်စည်များဖြတ်သန်း သွားလာမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးနှင့် အဖွဲ့သည် မိုင်းယောင်း-ဒွန်းနွဲ့-မိုင်းလွေ-ဝမ်ပေါက်(၁/၄)မိုင် ကျောက်လမ်း ခင်းကျင်းထားမှုအခြေအနေများ၊ ဒွန်း-တာပေါက်တို့ကို သွယ်တန်းထားသည့် ဂါလံ(၅၀၀၀)ဆံ့ စိမ့်စမ်းရေသွယ်တန်းထားမှုအခြေအနေတို့ကို သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုင်းလွေကျေးရွာ၌ ကျေးလက်ပြည်သူတို့နှင့်တွေ့ဆုံကာ မြို့နယ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ဦးနေမြတ်သူနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကျေးလက်နေပြည်သူတို့က ကျေးရွာလိုအပ်ချက်များနှင့် လက်ရှိဆောင်ရွက်နေကြ သည့် လုပ်ငန်းအခြေအနေတို့အား တင်ပြဆွေးနွေးကြရာ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး က တင်ပြချက်များအပေါ် လမ်းညွှန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)