လားရှိုး ဧပြီ ၂၉
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း(၁/၂၀၂၁)ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ခွဲ ရှမ်း/မြောက် ဥက္ကဋ္ဌ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက သင်တန်းဖွင့်မိတ်ဆက် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျအုန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများလုပ်ငန်း မွမ်းမံသင်တန်းကို ဧပြီ(၂၉)မှ (၃၀)ရက်နေ့အထိ (၂)ရက်ပြုလုပ်မည်ဖြစ်ပြီး လားရှိုးမြို့ပေါ်(၁၂)ရပ်ကွက်နှင့် ကျေးရွာ(၇၅) ရွာတို့မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)