တွံတေး၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ရေကန်ခြံစည်းရိုးပြီးစီးမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး

တွံတေး  ဧပြီ  ၃၀

ရန်ကုန်တိုင်ဒေသကြီး၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူမှ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံဖြိုးရေးစီမံကိန်း နှင့် ရေကန်ခြံစည်းရိုးကာရံ ဆောင်ရွက်ပြီးစီးမှုကိုယမန်နေ့နေလည်၂နာရီကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူးဦးကျော်လင်းသန်းကတွံတေးမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်မြို့နယ်ရုံးအစည်းအဝေးခန်းမ၌တွေ့ဆုံရာတွင် ၂၀၂၀- ၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်ရေပေးရေးလုပ်ငန်းများ၊ VDP စီမံကိန်းလုပ်ငန်းများ နှင့်မြစိမ်းရောင ်စီမံကိန်းများအချိန်မီ ပြီးစီးရေးဆောင်ရွက်သည့်လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကွင်းဆင်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး က ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းရရှိသောလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု နှင့်ကျေးလက်ဒေသ မှပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ပေးမှုဖြင့် သတ်မှတ်ချိန်ထက် စောလျှင်စွာပြီးစီးမှု ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်နေမှုအားပြန်လည်ရှင်း လင်းပြောကြား ခဲ့ကြောင်း သိရသည်။

ထိုနောက်ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးဦးကျော်လင်းသန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများသည် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအရ တွံတေးမြို့နယ် ဘုရားငုတ္တို ( မ )ကျေးရွာအုပ်စု၊ ဘုရားငုတ္တို (မ) ကျေးရွာ၌  ၂၀၂၀- ၂၀၂၁ဘဏ္ဍာရေးနှစ ်ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း( VDP )ဖြင့်လုပ်ငန်း ဆောင်ရွက်နေမှူအား ကွင်းဆင်းစစ်ဆေးကာ  လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးလုပ်ငန်းများ အောင်အောင်မြင်မြင် ဆောင်ရွက်ကြရေး မှာကြားခဲ့ပြီး၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု ရန်ပုံငွေဖြင့်ဆောင်ရွက်သည့်ကြည်တန်းကျေးရွာအုပ်စု၊ကြည်တန်းကျေးရွာရှိပေ၆၀၀သောက်၊သုံးရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်မှုကိုကြည့်ရှု့စစ်ဆေး၍ကာရေရှည်တည်တံရေး၊ရေကောင်းရေသန့်ရရှိရေးကျေးလက်ဒေသမှပြည်သူများရေကောင်းရေသန့်ရရှိးရေးဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရှိရသည်။

မျိုးလှိုင်  (  တွံတေး  )