သတင်းများ

ပုလဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၉နာရီ က မြို့နယ် အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ် (၁၀)သန်းမှ သန်း(၁၀၀)ကြား တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်း
Jan 28,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်းမှ သန်း(၁၀၀)ကြား လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈နာရီအချိန် က စတင်၍ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့၌ ကျန်းမာရေးဖောင်ဒေးရှင်းနှင့် မြတ်ဒါနပရဟိတအဖွဲ့တို့မှ အလှူငွေများ လှူဒါန်း
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့တွင် ပြည်သူများ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးဖောင်ဒေးရှင်းနှင့် မြတ်ဒါန ပရဟိတအဖွဲ့မှ ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့သို့ အလှူငွေပေးအပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
လွိုင်ကော်မြို့တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
Jan 28,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရ သက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ သည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကုသရေးနှင့်ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကုသရေးနှင့်ကျန်းမာရေးဝန်ထမ်း (၁၀၀)ဦးအား ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူဆေးရုံ စုရပ်နေရာ၌ ကိုဗစ်−၁၉ ကာကွယ်ဆေး(ပထမအကြိမ်) စတင်ထိုးနှံပေးသည်။
မိုင်းပျဉ်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈နာရီကစ၍ မိုင်းပျဉ်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော ကျန်းမာရေးဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။