မိုင်းဖြတ် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈နာရီအချိန် က စတင်၍ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်အောင်ဝင်းထွဋ်၏ ဦးဆောင်မှုဖြင့် တာဝန်ရှိကျန်းမာရေးဝန်ထမ်းများက ဒေါက်တာ အောင်အောင်ဝင်းထွဋ်၊ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာသိန်းဦးတို့ အပါအဝင် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၆၅)ဦးရှိရာမှ (၅၄)ဦး၊ စေတနာ့ဝန်ထမ်း (၃)ဦး စုစုပေါင်း (၅၇)ဦးကို ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်း (၁၁)ဦးသည် ကာကွယ်ဆေး မထိုးသင့်သူများဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသူများသည် (ဒုတိယအကြိမ်) ပြန်လည်ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်မျိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)