ကျောက်မဲမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ကျောက်မဲ  ဇန်နဝါရီ  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ  ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉  ကာကွယ် ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို  ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွက် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေး    ၃၀ လုံး ရရှိခြင်းဖြစ်ကာ ကျောက်မဲမြို့နယ် (မိုင်းငေါ့မြို့၊ မိုင်းလုံမြို့အပါအဝင်) အတွင်းရှိ တာဝန်ထမ်းဆောင်နေသည့်  ကျန်းမာရေးဝန်ထမ်း ၂၇၀ ဦးအား ပထမအသုတ်အဖြစ် စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေး ဌာနနှင့် မြို့နယ်သံဃာ့ဆေးရုံတွင် စုရပ် ခုခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရက်အတွင်း အပြီးထိုးနှံ သွားမည်ဖြစ်ကြောင်း ဒေါက်တာနန်းရီလှိုင်ဦး၏ ပြောကြားချက်အရသိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံရာတွင် လူတစ်ဦးလျှင်ဆေး . စီစီထိုးပေးခြင်းဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ ၁၀ ဦး ထိုးနှံနိုင်ကြောင်း၊ ပထမကြိမ် ကာကွယ်ဆေးထိုးအပြီး ရက်သတ္တ ပတ်အကြာတွင် ဒုတိယကြိမ်ထပ်မံ ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)