ကြံခင်း ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့တွင် ပြည်သူများ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးဖောင်ဒေးရှင်းနှင့် မြတ်ဒါနပရဟိတအဖွဲ့မှ ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့သို့ အလှူငွေပေးအပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
အဆိုပါ လှူဒါန်းမှုကို ကြံခင်းမြို့ ကျန်းမာရေးဖောင်ဒေးရှင်းနှင့် မြတ်ဒါန ပရဟိတဥက္ကဋ္ဌ ဦးနေလင်းနှင့် ဒေါတ်တာ သန်းထွေးတို့က ငွေကျပ်(၃)သိန်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများထံသို့လည်ကောင်း၊ မြို့နယ်ပြည်သူ့ ဆေးရုံသို့ ငွေကျပ်(၃)သိန်းကို သွားရောက်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းနိုင် နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဒေါ်လှိုင်ပို့ပို့ဇင် (ပြန်/ဆက်)