မိုင်းပျဉ်း ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ နာရီကစ၍ မိုင်းပျဉ်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော ကျန်းမာရေးဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၃၁)အုပ်စုတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၇၃)ဦးကို အုပ်စုခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးနောက် ထူးခြားသည့် လက္ခဏာရှိ/မရှိ စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းနှင့် လက်ရှိကာကွယ် ဆေးထိုးနှံပြီးသူများအနေဖြင့် မတည့်သည့်လက္ခဏာပုံစံပြခြင်းမျိုး တစ်ဦးတစ်ယောက်မှ မရှိသေးပါကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)