သတင်းများ

ကော့ကရိတ်မြို့နယ်တွင် CDD စီမံကိန်းလုပ်ငန်းများအား ပြည်နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Jan 30,2021
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းမှ (တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသော ရေပူကြီးအုပ်စု လေးတိုင်ကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ရေကျော်ကြီး အုပ်စု တံတားကျိုး ကျေးရွာ ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်းတို့အား ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြို့တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစတင့်ဝေနှင့် မြို့နယ်ကျေးလက် ဦးစီးမှူး ဦးစောဆားဒေါက်ဖေါ့ တို့မှ ယမန်​​နေ့ မွန်းလွဲပိုင်း တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့နယ်၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံကွန်ကရစ်ပုံလောင်း သင်တန်းဖွင့်
Jan 30,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေ ပြည်သူများ၏ လူမှုဘ၀မြှင့်တင်ပေးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံကွန်ကရစ် ပုံလောင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေများ လှူဒါန်း
Jan 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပက်အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေ အဖွဲ့အစည်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၌ မြကန်သာပန်းခြံ အဆင့်မြင့်တင်ခြင်းလုပ်ငန်း ဦးစွာစိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) စိစစ်ရွေးချယ်ခြင်းကျင်းပ
Jan 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကျင်းပသော တောင်ကြီးမြို့၊ မြကန်သာပန်းခြံ အဆင့်မြင့်တင်ခြင်းလုပ်ငန်း ဦးစွာစိတ်ဝင်စားမှု အဆိုပြုလွှာ(EOI) စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၁၆ ကျောင်းတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ လက်ဆေးဘေစင်များလှူဒါန်း
Jan 30,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၆ကျောင်းတွင်တပ်ဆင်အသုံးပြုရန်အတွက် ခြေနင်းလက်ဆေး ဘေစင်များ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့၌ ရထားပေါ်ဈေးရောင်းသည့်ဈေးသည်ပိုးတွေ့လူနာ၏မိသားစုအပါအဝင်ဆက်စပ်ထိတွေ့သူ (၉၇)ဦးကို စစ်ဆေးရာ (၅)ဦးတွင် COVID – 19 ရောဂါပိုးတွေ့ရှိ
Jan 30,2021
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ရထားပေါ်ဈေးရောင်းသည့် ဈေးသည် ပိုးတွေ့လူနာ၏မိသားစုအပါအဝင် ဆက်စပ်ထိတွေ့သူ(၉၇)ဦးအား COVID RDT Test Kit ဖြင့် ဇန်နဝါရီ(၂၉)ရက်တွင် ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ(၅)ဦး ထပ်မံတွေ့ရှိ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်
ရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့တွင် ယခင်ထောက်ပံ့ ငွေမရရှိသူများအား နိုင်ငံတော်က ထောက်ပံ့ငွေ ၂ သောင်းကျပ်နှုန်း ပေးအပ်
Jan 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ရာ ယခင်ပေးအပ်သည့် အကြိမ်များတွင် မရရှိခဲ့ကြသော အိမ်ထောင်စုများကို ယနေ့နေ့ နံနက်(၉) နာရီအချိန်က ရပ်ကွက်များအတွင်းရှိ မိသားစုနေအိမ်များအရောက် တာဝန်ရှိသူများက သွားရောက်ကာ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအား ရပ်ကွက်/ကျေးရွာအလိုက် ထောက်ပံ့ငွေများပေးအပ်
Jan 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားထပ်တိုးအိမ်ထောင်စုများအတွက် နိုင်ငံတော်မှအိမ်ထောင်စုတစ်စုလျင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ​ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ကရပ်ကွက်/ ကျေးရွာအလိုက်ပေးအပ်ခဲ့ကြောင်း သိရသည်။