အရည်အသွေးစစ်ဆေးရန် စပါးမျိုးစေ့များ ဓါတ်ခွဲခန်းသို့ပို့ဆောင်
Jan 30,2021
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP အရ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းကို ဧက ၄၆၀ တွင် စိုက်ပျိုးခဲ့ရာ အဆိုပါ စိုက်ခင်းများမှ ရရှိသည့် မျိုးစေ့အရည်အသွေးစစ်ဆေးရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက မန္တလေးမြို့ရှိ စိုက်ပျိုးရေး ဦးစီးဌာန အထက်မြန်မာပြည် မျိုးစေ့ဓါတ်ခွဲခန်းသို့ မျိုးစေ့ နမူနာများ ယခုလ နောက်ဆုံးပတ်အတွင်းက ပေးပို့ထားသည်။