ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကျင်းပ

ဟားခါး  ဖေဖော်ဝါရီ 

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (/၂၀၂၁)ကို ယနေ့ နံနက် ၁၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲက နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(/၂၀၂၁)ကို ..၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာပြီး အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝှမ်း ဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ် ပုဒ် ၄၁၇ အရ အမိန့်ထုတ်ပြန်သည့် နေ့မှစ၍ တစ်နှစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများ ကြီးမားစွာကွာခြားမှု နှင့်ပတ်သက်ပြီး အဆိုပါပြဿနာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေခြင်းနှင့် နိုင်ငံတော်တည်ငြိမ်မှုကိုများစွာ ထိခိုက်စေလျက်ရှိသည့်အတွက် ပြဿနာများကို မှန်ကန်စွာ ဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန်လိုအပ်သည့်အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆိုပါ အမိန့်တွင် ထည့်သွင်းထားပါကြောင်း၊ ထို့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ..၂၀၂၁ရက်စွဲပါ အမိန့်အမှတ် (/၂၀၂၁)ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ခုနှစ် ပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ..၂၀၂၁ ရက်စွဲပါအမိန့်အမှတ် (၁၀/၂၀၂၁)ဖြင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခဲ့ ပါကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် လုပ်ငန်းများ ရပ်တန့်ခြင်းမပြုဘဲ ဌာနဆိုင်ရာ ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ လတ်တလော ဖြစ်ပွား နေဆဲဖြစ်သည့် ကိုဗစ်-၁၉ ​ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မိမိပြည်နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အလေးထားဆောင်ရွက်ရန်နှင့် မြို့ဝင်မြို့ထွက် လုံခြုံရေး အထူးဂရုစိုက် ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကြရာ တင်ပြချက်များအပေါ်  ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်

ခရိုင်(ပြန်/ဆက်)