မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် (၁၉) ဦး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာပေါင်း (၃၆၂၉) ဦး ထိရှိလာ

မကွေး ဖေဖော်ဝါရီ  ၄

မကွေးတိုင်းဒေသကြီးတွင်  ဖေဖော်ဝါရီလ ၃ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ် ပိုးတွေ့ အတည်ပြုလူနာသစ်(၁၉)ဦး ထပ်တိုးတွေ့ ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၆၂၉)ဦး အထိရှိလာကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့ထိစပ်တွေကနေ ကိုဗစ်ပိုးတွေ့ရှိမှုက ရှိနေဆဲပါ၊ ဒီနေ့ တွေ့ရှိခဲ့တဲ့ လူနာတွေက RDT စစ်ဆေးမှုအရ ပိုးတွေ့အတည်ပြုလူနာသစ်(၁၆)ဦးနဲ့ Gene Xpert စစ်ဆေးမှုအရ ပိုးတွေ့လူနာ(၃)ဦး စုစုပေါင်း အတည်ပြုလူနာ(၁၉)ဦး ထပ်တိုး တွေ့ရှိခဲ့တာပါ၊ အသစ်ထပ်မံ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြုလူနာ တွေက မကွေးက(၁၀)ဦး၊ချောက်က(၄)ဦး၊ စလင်းနဲ့ ပွင့်ဖြူ က(၂)ဦးစီ၊ မြို့သစ်က(၁)ဦး တို့ ဖြစ်ပါတယ်၊ ပိုးတွေ့ လူနာတွေထဲမှာ အနံ့ပျောက် လက္ခဏာ ပြသူတွေ၊ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသူတွေနဲ့ ရောဂါ လက္ခဏာရှိ စောင့်ကြည့်လူနာတွေ ပါဝင်ပါ တယ်၊တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း က(၃၆၂၉)ဦး ထိရှိလာပြီး၊ သေဆုံး သူကတော့(၁၆)ဦး ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း တစ်ရက်တည်း ကိုဗစ်လူနာသစ်(၁၉)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့ အတည်ပြု လူနာများနှင့် ထိတွေ့မှုရှိသ (P contact) များမှ ပိုးတွေ့လူနာများ နေ့စဉ်ထပ်တိုး တွေ့ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ပြုမှုနေထိုင်ကြဖို့၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြဖို့ စသည့် အသိပညာပေး တိုက်တွန်းနှိုးဆော်မှု များကို သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ဆောင်လျက် ရှိကြောင်း  သိရသည်။

သန်းနိုင်ဦး(ငဖဲ)