ကန့်ဘလူ ဇန်နဝါရီ ၄
ကိုဗစ်ကာလ မြန်မာ့မီးရထားများယာယီရပ်နားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း လာခြင်းကြောင့် မီးရထားဖြင့် ခရီးသွားလာကြမည့်ခရီးသည်များ သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ ယနေ့မှ စတင်၍ ပြန်လည် ပြေးဆွဲ့မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ရှိ မီးရထား ဘူတာရုံမှ သိရသည်။
အဆိုပါ ပြန်လည်ပြေးဆွဲမည့် မီးရထားများမှာ အမှတ် (၃၁) အဆန်/ (၃၂) အစုန် မန္တလေး-မြစ်ကြီးနား လေအိတ ရထား၊ အမှတ်( ၅၅)အဆန်/ (၅၆) အစုန် အထူးမြန်ရထားနှင့် အမှတ် (၅၃) အဆန်/ (၅၄) အစုန် မန္တလေး- ကောလင်း RBE ရထားတို့ပြေးဆွဲမည်ဖြစ်ပြီး ဆက်လက်၍ ဇန်နဝါရီ ၅ ရက်တွင် အမှတ်(၄၇)အဆန်/(၄၈)အစုန် မန္တလေး- နဘားရထား နှင့် အမှတ်( ၅၇)/(၅၈)အစုန် မန္တလေး- မြစ်ကြီးနား -မန္တလာရထားများ ထပ်မံ ပြေးဆွဲမည်ဖြစ်ကြောင်း ကန့်ဘလူဘူတာ ရုံပိုင်ကြီးဦးဝင်းမြင့်၏ ပြောပြချက်အရ သိရသည်။
ရထားလက်မှတ်များကို ခရီးသည်တစ်ဦးလျှင် နှစ်ခုံနှုန်းဖြင့် လက်မှတ်ခ တစ်စောင်အတွက်သာ ပေးရမည်ဖြစ်ပြီး ကိုဗစ်စည်းကမ်းချက်များနှင့် အညီ ရထားလက်မှတ်ဝယ်ယူရာတွင် လည်းကောင်း၊ ရထားစီးနင်းရာတွင် လည်းကောင်း ဝယ်ယူစီးနင်းကြရမည်ဖြစ်ကာ ရထားအချိန်များမှာ လည်း ယခင်ဆိုက်ရောက်ချိန်များအတိုင်း ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)