ချောက်မြို့နယ် “ပက် အပြည်ပြည်ဆိုင်ရာ အ​သေးစား​ငွေ​ရေး​ကြေး​ရေး ဝန်​ဆောင်မှု ရန်ပုံ​ငွေ အဖွဲ့အစည်း" မှ နိုင်ငံ​တော်ဗဟိုအဆင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးဝယ်ယူရန် အလှူ​ငွေလှူဒါန်း

ချောက်ဖေ​ဖော်ဝါရီ

မ​ကွေးတိုင်း​ဒေသကြီး​ချောက်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနတွင် ​ချောက်မြို့နယ် ပက် ပြည်ပြည်ဆိုင်ရာ အ​သေးစား​ငွေ​ရေး​ကြေး​ရေး ဝန်​ဆောင်မှုရန်ပုံ​ငွေအဖွဲ့အစည်း" မှ နိုင်ငံတော်ဗဟိုအဆင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး ဝယ်ယူရန် အလှူ​တော်​ငွေလှူ ဒါန်းမှု ပြုလုပ်ခဲ့​ သည်။

ထိုသို့ လှူဒါန်းမှုအား ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်​ရေးနှင့် အ​​ရေး​ပေါ် တုန့်ပြန်​ရေး​ကော်မ တီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်​ဆွဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးစိုးမှ နိုင်ငံတော်ဗဟိုအဆင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးဝယ်ယူရန် အလှူ​တော်​ငွေ ၁၂ သိန်းတိတိကို လက်ခံရယူပြီး​ချောက်မြို့နယ် ပက် အပြည်ပြည်ဆိုင်ရာ အ​သေးစား​ငွေ​ရေး​ကြေး​ရေး ဝန်​ဆောင်မှု ရန်ပုံ​ငွေအဖွဲ့အစည်း" မှ မန်​နေဂျာနှင့် ဝန်ထမ်းများအား အထူးပင်​ ကျေးဇူးတင်​ကြောင်း​ ပြောကြားခဲ့သည်။

ကျော်မိုး(ပြန်/ဆက်)