စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း မုံရွာမြို့ပေါ် ဘုန်းတော်ကြီး ကျောင်း (၅) ကျောင်းရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မုံရွာ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် စစ်ကိုင်းတိုင်း ဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်(၉)နာရီခွဲက မုံရွာမြို့ ပေါ်ရှိ ရန်ကင်းပရိယတ္တိစာသင်တိုက်၊ မဟာဇောတိကာရာမပရိယတ္တိ စာသင်တိုက်၊ အုတ်ကန်တောရ ပရိယတ္တိစာသင်တိုက်၊ စန်းမြသီတာကျောင်းတိုက်နှင့် သဒ္ဓမ္မ ပဇ္ဇောတာရုံကျောင်းတိုက်တို့ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပြီး ဆရာတော်ကြီးများထံမှ ဩဝါဒ ခံယူခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းကိုကို (တိုင်းဒေသကြီး ပြန်/ဆက်)