ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၄၃)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော် ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၄၃)ဦးအား  ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့ မွန်းလွဲ ()နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၄၃)ဦးမှာ အမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၁၅)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ()ဦး၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မှ()ဦး၊ မြစ်ငယ်မြို့နယ်()ဦး၊ ရမည်းသင်းမြို့နယ်မှ()ဦး၊ မိုးကုတ်မြို့နယ်မှ()ဦး၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ()ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ()ဦး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ()ဦး၊ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ()ဦး၊ မြောက်ဦးမြို့နယ်မှ()ဦး၊  နေပြည်တော်၊ လယ်ဝေး မြို့နယ်မှ()ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၁၇)ဦး၊ ကျောက်မဲမြို့နယ်မှ()ဦး၊ နမ္မတူမြို့နယ်မှ()ဦးနှင့် မိုးမိတ် မြို့နယ်မှ()ဦးတို့ဖြစ်သည်။

၎င်းနေရပ်ပြန် ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်()ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ဓါတ်ခွဲနမူနာ Swab များအားထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ရောဂါ ပိုးမတွေ့ရှိရကြောင်း သိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)