မိုင်းပန်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ထိခိုက်နိုင်မည့် အန္တရာယ်များအကြောင်းပြည်သူများကို ပိုမိုသိရှိ နိုင်စေရန်အတွက်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဆွေမှ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းမှာ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးဆွေးနွေးပွဲများ၊ ကလေးများအတွက်ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းနှင့် စက္ကူခေါက်ခြင်းများကိုလည်း IPRD Mongpan Page မှတစ်ဆင့် အခါအားလျော်စွာ ထုတ်လွှင့်ပေး လျက်ရှိကြောင်း သိရှိရသည်။

အိရွှေစင်လတ်