မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၂
မော်လမြိုင်ကျွန်း မြို့နယ်တွင် ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်(၁၆) ကုတင်ဆန့် တိုင်းရင်းဆေးရုံ (ယာယီဆေးရုံ)မှ အတည်ပြု ပိုးတွေ့လူနာ(၅)ဦးသည် ဆေးကုသမှုခံယူပြီး ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံဆင်းခွင့်ရသည်။
အဆိုပါ ဆေးရုံးဆင်းခွင့်ရရှိသူများမှာ ဗန္ဓုလလမ်း၊(၁၁)ရပ်ကွက်မှ Mawgyun Case-508၊ Mawgyun Case-509၊ Mawgyun Case-510၊ သုဓမ္မာလမ်း (၁၂ )ရပ်ကွက် Mawgyun Case-511၊ ယမုံနာလမ်း (၁၀)ရပ်ကွက်မှ Mawgyun Case-512 တို့ ဖြစ်ကြောင်း သိရသည်။
မြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသည့် အတည် ပြုလူနာ (၅၁၂)ဦး၊ ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းသူ စုစုပေါင်း(၅၀၈)ဦးရှိပြီး၊ ရောဂါအခံရှိသူ (၄)ဦးသေဆုံးသည်။
ကုတင်(၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့တွင် ဆေးကုသမှုခံယူဆဲ ကိုဗစ်-၁၉ အတည်ပြုလူနာ မရှိတော့ပါကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သီတာအောင်(ပြန်/ဆက်)