ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ် ဆေးထိုးနှံ

ပလောက်   ဖေဖော်ဝါရီလ    ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ တိုက်နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုး/ဆေးတိုက်ရန်လာရောက်သည့် မိခင်နှင့်ကလေးငယ်များ ကိုယ်ဝန်ဆောင်များကို အပြင်ထွက်တိုင်း နှာခေါင်းစည်းစနစ်တကျ တပ်ဆင်စေခြင်း၊ လက်ဆေးဆပ်ပြာနှင့် လက်ကိုစနစ်တကျဆေးကြောစေခြင်း၊ ကိုယ် အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေးဆရာမဒေါ်သန်းဌေးက မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက် တစ်နှစ်ခွဲနှင့် တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ကျန်းမာရေး အသိပညာပေးခြင်းများဆောင်ရွက် ခဲ့ကြောင်း သိရှိ ရသည်။

နှင်းမြူလွင်(ပလောက်ပြန်/ဆက်)