(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မကွေးမြို့၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ပြီးစုပေါင်းသွေးလှူဒါန်း

မကွေး  မေ ၃

မေ ၅ ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အကြို ပြည်သူ့အကျိုးပြုလုပ်ငန်းအား ယနေ့ နံနက်(၇)နာရီအချိန်က မကွေး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး  ညွှန်ကြားရေးမှူး  ဦးမျိုးလှိုင် ဦးဆောင်၍ သန္ဓေ / အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား(၁၀၀)ဦးဖြင့် မကွေးမြို့၊ လေးထပ်ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရား ရင်ပြင်တော် ရေသပ္ပာယ်ခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှသတ်မှတ်ထားသည့်  Covid - 19  စည်းကမ်းချက်များနှင့်အညီ အင်အား ( ၅၀ ) ဦးစီခွဲခြား၍ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့၊ပြည်သူ့ဆေးရုံကြီး၌ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ ဝင် အင်အား(၄၀)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် အရာရှိများက ကြည့်ရှုအားပေး စကားပြောကြားပြီး ခွန်အားပြည့်အစားအစာ၊ဆေးဝါးများနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ခရိုင်ပြန်/ဆက်