သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများကို နေ့/ညမပြတ် ကျန်းမာရေး စောင့်ရှောက်မှု လက်ခံ ဆောင်ရွက်ပေးနေ

သထုံ  မေ  ၃

 

မွန်ပြည်နယ်၊ သထုံမြို့ရှိ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ရပ်နီးရပ်ဝေး ဝေဒနာရှင်အမျိုးမျိုးတို့ကို ကျန်းမာရေး ဝန်ထမ်းများက နေ့/ညမပြတ် နေ့စဉ် လက်ခံကုသပေးနေကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ကုသရေးဆိုင်ရာများနှင့် အရေးပေါ် ကိစ္စရပ်များကို ၂၄ နာရီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက ပြောသည်။

 

"ခရိုင်ဆေးရုံအုပ်ကြီးရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ဖေဖော်ဝါရီလ စတုတ္ထပတ်လောက်က စပြီးတော့ ‌ကျန်းမာရေးစောင့်ရှောက်ကုသပေးတာတွေကို ပုံမှန်အတိုင်း လက်ခံကုသပေးနိုင်ခဲ့ပါတယ်" ဟု ဒေါက်တာသန်းဦးက ပြောသည်။

 

၎င်းအပြင် ကိုဗစ်-၁၉ကာလဖြစ်သည့်အတွက် သံသယလူနာများကိုလည်း စစ်ဆေးပြီး ပိုးတွေ့ရှိပါက မော်လမြိုင်မြို့ရှိ ကုသရေးစင်တာသို့ ပေးပို့ ကုသပေးလျက်ရှိကြောင်း သိရသည်။

 

 

ခရိုင်ပြန်/ဆက်