သံဖြူဇရပ်မြို့နယ် ပြည်သူ့​ဆေးရုံတွင် ပြည်သူများအား ကျန်းမာ​ရေး​စောင့်​ရှောက်​ပေး

သံဖြူဇရပ်   ​မေ ၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကုတင် ၅၀ဆံ့ ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ဧပြီလ တတိယပတ်မှစတင်ကာ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာန​မှဆရာဝန်များ၊ သူနာပြုများက​ ကျန်းမာ​ရေး​ စောင့်​ရှောက်မှုဆောင်ရွက်​ပေး​နေ​ကြောင်းသိရသည်။

သံဖြူဇရပ်မြို့နယ်ပြည်သူ့​ဆေးရုံတွင် ပြင်ပလူနာ အတွင်းလူနာများအပါအဝင်၊ အ​ရေး​ပေါ် လူနာများ​ကို၊ မြို့နယ်ဆရာဝန်ကြီးအပါအဝင် လက်​ထောက်ဆရာဝန်နှစ်ဦးနှင့် သူနာပြုဆရာ၊ ဆရာမများက ​နေ့စဉ်ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေး​နေ​ကြောင်းနှင့်လိုအပ်ပါက ​မော်လမြိုင်မြို့ ကုတင်(၅၀၀)ဆံ့ အ​ထွေထွေ​ရောဂါကု​ဆေးရုံကြီးနှင့် ကုတင်(၃၀၀)ဆံ့စစ်​ဆေးရုံသို့ လွှဲပြောင်းပို့​ဆောင်ကုသနိုင်​ရေးစီစဉ်ပေး​ကြောင်းသိရသည်။
 

 မြို့နယ်ပြန်/ဆက်