Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်
May 24,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်
May 24,2021
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ချောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့ မှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ စာအုပ်စာပေ ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရပြီး ယခုအခါ မေလ ၃ ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ငှားရမ်းပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုး ဆော်ခြင်းများနှင့် တည်းခိုခန်းများ များသို့ ကွင်းဆင်းစစ်ဆေး
May 24,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း များ နှင့် တည်းခိုခန်းများသို့ ကွင်းဆင်း စစ်ဆေးခြင်းများကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ တာဝန် ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လုပ်ဆောင် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြို့၌ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၁၇၄) ဦးအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေး
May 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ အသက်(၁၈)နှစ် ပြည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မင်းဘာကြီးရပ်ကွက်ရှိ ဓမ္မာရုံအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဥပဒေစည်းမျဉ်းများ ပဏာမမူကြမ်းအား ရှင်းလင်းတင်ပြ
May 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအ နှစ်စာရင်း တင်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများမှ ဥပဒေစည်းမျဉ်းများ၊ ပမာဏမူကြမ်အား အကြံပြုချက်များရယူရန် သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်းကို မေလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၈)မြို့နယ် အလွတ်တန်း အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
May 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၈)မြို့နယ် အလွတ်တန်း အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက သာယာဝတီခရိုင် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်နှံရေး စတင်လက်ခံ ဆောင်ရွက်
May 24,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခြင်းကြောင့် အခြေခံပညာ ကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ယနေ့ နံနက် ၉ နာရီစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် ရခိုင်ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ
May 24,2021
စစ်တွေမြို့၊ ဓမ္မသုခ ကျောင်းတိုက် ပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ကြီးအား တပည့်တကာ၊ တကာမများမှ ထပ်ဆင့်ဂုဏ်ပြုပွဲ၊ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဓမ္မသုခကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24480
Page
24481
Page
24482
Page
24483
Current page
24484
Page
24485
Page
24486
Page
24487
Page
24488
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department