မြောက်ဦး မေ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအ နှစ်စာရင်း တင်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများမှ ဥပဒေစည်းမျဉ်းများ၊ ပမာဏမူကြမ်အား အကြံပြုချက်များရယူရန် သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်းကို မေလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ် နိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက် ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက မြောက်ဦးဒေသကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းမှုများနှင့်ပတ်သက်၍ မြောက်ဦးမြို့ဟောင်း ပတ်ဝန်းကျင်တွင် တွေ့ရှိရသည့် ယဉ်ကျေးမှုဂုဏ်ဒြပ်လက္ခဏာ သက်သေများဖြစ်သည့် သွယ်တန်းနေသော တောင်ကုန်းမြို့ရိုး စနစ်များ၊ သင်္ဘောဆိပ်နှင့်သင်္ဘောကျင်းများ၊ ရေအသုံးချမှုလက္ခဏာများဖြစ် သည့် ဆည်၊ ရေတံခါး၊ ကျုံးများ၊ မြို့တံခါး၊ ခံတပ်၊ နန်းတော်ရာတံတိုင်း၊ စပါးကျီ၊ မြောက်ဦး ခေတ် ကျောက်စာများ၊ ဂူဘုရား၊ ဗုဒ္ဓ ဆင်းထုတော်၊ ပိဋကတ်တိုက်များ စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြောက်ဦးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်စမ်းနွယ်က မြောက်ဦးဒေသ ၏ အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုက်နာရမည့်ဆောက်အအုံ ဥပဒေစည်းမျဉ်း(မူကြမ်း)ရေး ဆွဲထားမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများမှ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း မိမိတို့သက် ဆိုင်ရာ ဌာနများအလိုက်လုပ်ဆောင်ရမည့် ဉပဒေစည်းမျဉ်းများနှင့်ပတ်သက်၍ သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ရှင်းလင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ညွှန် ကြားရေးမှူး ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းသိရှိ ရသည်။
ခင်မောင်ထွန်း